OiAC 2 မှာ ကျောင်းထားတဲ့အခါ စာမလိုက်နိုင်မှာကို လုံးဝစိတ်ပူစရာမလိုပါ
ပညာရေးစနစ်ကလည်း သင်ရိုးအသစ်ကို ပူပူနွေးနွေးစပြောင်းထားတဲ့ အချိန်ကာလဆိုတော့ ကိုယ့်ရဲ့ကလေးက သင်ရိုးသစ်နဲ့အံဝင်ဂွင်ကျမဖြစ်ဘဲ စာမလိုက်နိုင်ဖြစ်နေမှာကို မိဘအများစုစိတ်ပူနေကြမှာပါပဲ။
ဒါပေမယ့် ကလေးတွေကို စာကျက်ဖို့ထက် စာတတ်ဖို့ကိုသာ အဓိကထားပြီး သင်ကြားပေးနေတဲ့ OiAC 2 မှာဆိုရင်တော့ သင်ရိုးသစ်ကိုစနစ်တကျလေ့လာထားပြီးဖြစ်တဲ့ ဆရာ၊ဆရာမတွေက သင်ကြားပေးနေတာကြောင့် စာမလိုက်နိုင်မှာကို စိတ်ပူစရာမလိုပါဘူးနော်။
OiAC 2 ရဲ့ ဆရာ၊ ဆရာမများဟာဆိုရင် Green Card ကိုလည်း ရရှိထားပြီးဖြစ်သလို သက်ဆိုင်ရာဘာသာရပ်အသီးသီးမှာလည်း နှစ်ပေါင်းများစွာ သင်ကြားရေးအတွေ့အကြုံရှိတဲ့သူတွေဖြစ်ကာ စနစ်သစ်သင်ရိုးရဲ့ သင်ကြားရေးနည်းလမ်းများကိုလည်း နှံ့စပ်အောင် လေ့လာခဲ့ပြီးကြပါပြီ။
ဒါကြောင့် ဆရာ၊ ဆရာမတွေက ကလေးတွေအတွက် အသင့်တော်ဆုံးဖြစ်စေမယ့် Teaching Method ကို ကျင့်သုံးပြီး ဘာသာရပ်တိုင်းကို ပိုင်ပိုင်နိုင်နိုင်သင်ကြားပေးနေခြင်းကြောင့် နှစ်စဉ်အောင်ချက်ကောင်းပြီး နေပြည်တော်ရဲ့ထိပ်တန်း ကိုယ်ပိုင်ကျောင်းအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။
ဒီလို အရည်အသွေးပြည့်ဝတဲ့ ဆရာ၊ဆရာမကောင်းတွေနဲ့ အနီးကပ်သင်ကြားခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စနစ်သစ်ပညာရေးမှာ စာလိုက်နိုင်ရုံတင်မက ထူးချွန်ထက်မြက်သူတွေပါ ဖြစ်လာကြမှာမို့ ပညာရေးမှာထွန်းတောက်သူတွေဖြစ်လာဖို့အတွက် OiAC 2 ဆရာ၊ ဆရာမများထံ ယုံကြည်စွာ အပ်နှံထားလိုက်ပါရှင်။
“We are Family OiAC”
အသေးစိတ်စုံစမ်းရန်
OiAC 2 ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ် (၂၈) ၊ မြတ်လေးဖြူလမ်း ၊ ဒက္ခိဏသီရိမြို့ ၊ နေပြည်တော်။
(viber) 09-5065358, 09-788066551, 09-7880665