Skip to content Skip to footer

OiAC

OiAC Private Boarding High School

Our Vision

Centre of excellence which inspires students to practice the continuous learning pro actively for the ever changing and challenging world and to nurture them to be able to value our culture and develop national spirit.

Our Mission

To make our academic center excellent in Myanmar by building capacity of both staffs and students, encouraging their critical thinking and working in activities collaboratively.

Our Motto

The Best Education is the Best Fashion
About us

Our Inspiration To Success (OiAC)

OiAC is a private national high school & boarding, too.It provides accommodation, and their decent meals systematically for all students who come from different places around Myanmar. By doing so, students have an opportunity to learn each other, different culture and custom and traditions of ethnic. 

ဦးရဲလင်း

ဦးရဲလင်း

(တည်ထောင်အုပ်ချုပ်သူ)

MBA (Northampton, UK)
M.Sc(Building Science)(NUS)
B.E(Mechanical)YIT

သုဓမ္မသိင်္ဂီ ဒေါ်အိအိခင်

သုဓမ္မသိင်္ဂီ ဒေါ်အိအိခင်

(တည်ထောင်အုပ်ချုပ်သူ)

MBA (Northampton, UK)
B.Sc(Chemistry)
I.H.D.C.S(NCC, UK)

ဒေါ်သန်းသန်းနွဲ့

ဒေါ်သန်းသန်းနွဲ့

(ကျောင်းအုပ်ဆရာမကြီး)

B.A
B.Ed

OiAC

စကားလုံး၏ တန်ဖိုးများ

Objective

ဦးတည်ချက်

Inspiration

အားမာန်

Achievement

အောင်မြင်မှု

Capability

စွမ်းရည်

OiAC

Gallery

OiAC Yangon

KG မှ Grade 12 အထိ

ကိုယ်ပိုင်အထက်တန်းကျောင်းမှတ်ပုံတင်အမှတ်  

ကကယ – ၁၃/ ၁၁/ ၃၉၇

OiAC.2 (Nay Pyi Taw)

KG မှ Grade 12 အထိ

ကိုယ်ပိုင်အထက်တန်းကျောင်းမှတ်ပုံတင်အမှတ်  

ကကယ – ၁၈/ ၀၂/ ၁၃၉

OiAC Alumni

What our students say

ကျောင်းသူဟောင်း မခိုင်ဟေမွန်ဇော်

တက္ကသိုလ်ဝင်ကျောင်းသူဘဝကိုတွေးမိတိုင်း OiACကျောင်းတော်ကြီးကိုပြန်လွမ်းမိပါတယ်။ ကျောင်းတက်နေစဉ်ကာလတစ်လျှောက်လုံး တည်ထောင်အုပ်ချုပ်သူ ဆရာကြီးဦးရဲလင်း၊ သုဓမ္မသိင်္ဂီ ဆရာမ ဒေါ်အိအိခင်၊ ကျောင်းအုပ်ဆရာကြီး၊ သင်ကြားရေး ၊လေ့ကျင့်ရေးဆရာ ဆရာမများရဲ့ ပံ့ပိုး၊ စောင့်ရှောက်ဂရုစိုက်မှုတွေက ကိုယ့်မိဘရင်ခွင်ထဲမှာ နေသလိုပဲ နွေးထွေးပြီး ပျော်စရာ ကောင်းပါတယ်။ ယခုလိုနေရာထိရောက်အောင် သင်ပြပေးခဲ့သောဆရာ/ဆရာမအားလုံးကို အထူးကျေးဇူးတင်ပါတယ် ။ အမြဲတမ်းလည်းသတိရလျက်ပါ ဆရာ/ဆရာမများရှင့်။

ကျောင်းသူဟောင်း မခိုင်ဟေမွန်ဇော်

ဘာသာစုံဂုဏ်ထူးရှင် (၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်)
ကျောင်းသူဟောင်း မအေးချမ်းစိုး

OiAC က တည်ထောင်အုပ်ချုပ်သူ ဆရာကြီး ၊ ဆရာမကြီး ၊ သင်ကြားရေး၊ လေ့ကျင့်ရေး ဆရာ/ဆရာမ တစ်ယောက်ချင်းစီ ကို ကျေးဇူးတင်ရပါတယ် ။ ကျွန်မတို့ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ ပညာရေးကနေ လူမှုရေး၊ ကျန်းမာရေး ကိစ္စအဝဝ ကို တကယ့်ကို ရင်အုပ်မကွာ စောင့်ရှောက်သွန်သင်ပေးခဲ့တဲ့ ဆရာတွေရဲ့ မေတ္တာကို ခုထိ နွေးထွေးစွာ ခံစားမိဆဲပါ ။ ဘာသာရပ်ကို ၁၀၀ ရာခိုင်နှုန်း ပိုင်နိုင်ကျွမ်းကျင် တဲ့ ဆရာကြီး၊ ဆရာမကြီးများနဲ့ အနီးကပ် လမ်းညွှန် ကြပ်မတ်ပေးခဲ့တဲ့ ဆရာ၊ ဆရာမများ နဲ့ တွေ့ဆုံ ပညာသင်ကြိုးစားခွင့်ရခဲ့တာမို့လို့ အခါခါ ဂုဏ်ယူမိပါတယ်။ အရေးကြီးဆုံးက အလေအလွင့်မရှိ ကောင်းစွာ အသုံးချရမယ့် အချိန်ပါ ။ OiAC ရဲ့ အုပ်ချုပ်သူဆရာ၊ ဆရာမတွေရဲ့ စေ့စပ်သေချာပြီး ၊ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းအတွက် အကျိုးရှိတဲ့ အချိန်ခန့်ခွဲမှု (Time management) က ကျောင်းသားတွေ ကြိုးစားသမျှ အရာထင်စေခဲ့တာပါ။ မိဘတွေနဲ့ လစဉ် ပုံမှန် တွေ့ဆုံဆွေးနွေးပေးပြီး တစ်ဦးချင်းစီရဲ့ ကြိုးစားမှု၊ ရမှတ်မှတ်တမ်းတွေကို ရှင်းပြရင်း ကျောင်းသားအတွက် အကောင်းဆုံး ကို မိဘနဲ့အတူ အမြဲ ကြိုးစားစဉ်းစားဖြည့်ဆည်းပေးကြလို့ ကျွန်မအပါအဝင် OIACကျောင်းသားတိုင်းက မိမိတို့မျော်မှန်းထားတဲ့ ရည်မှန်းချက်ထက်သာလွန်တဲ့ ရလဒ်တွေ နဲ့ အောင်မြင်ခဲ့ကြတာပါ။ ပညာရေးကို တန်ဖိုးထား အလေးထားကြတဲ့ မိဘတွေ နဲ့ ထူးချွန်တဲ့အောင်မြင်မှု နဲ့ မိဘကျေးဇူးဆပ်ချင်ကြတဲ့ ကျောင်းသားတွေအတွက် ကျွန်တော်တို့ အားမာန် (Our Inspiration Academic Centre) (OiAC) က ရာနှုန်းပြည့် မှန်ကန်တဲ့ရွေးချယ်မှု အဖြစ် ခံစားမိကြမှာပါ ။

ကျောင်းသူဟောင်း မအေးချမ်းစိုး

ဘာသာစုံ ဂုဏ်ထူးရှင် (၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်)
ကျောင်းသူဟောင်း မအိချောဖြူ

OiAC ဆိုတာက ကျွန်မအတွက် ဘူမိနတ်သန် ပညာ့ဗိမာန်ကြီးလို့ ကျွန်မ ပြောပါရစေ။ ဘဝရဲ့မှတ်တိုင်တွေထဲက တစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်စေခဲ့ရုံမက၊ ကျွန်မ အသက် ၁၅ နှစ်ကျော် ၁၆ နှစ်အရွယ်ကနေကျွန်မအခုအသက်အရွယ်အထိ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်အောင်၊ မိမိကိုယ်ကို ပိုပြီးယုံကြည်မှုရှိလာအောင်၊ စိတ်ဓါတ်ခွန်အားတွေကို အုတ်မြစ်ချပေးခဲ့တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ ကျွန်မ သိပ်ကို ကြောက်ခဲ့ပါတယ် ဆိုတဲ့ သင်္ချာ ၊ ဓာတု ၊ ရူပဗေဒ ပညာရပ်များကို ဂုဏ်ထူးမှတ်ထက် သာလွန်ပြီး အမှတ်ပြည့်နီးပါး သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမများကို အထူးကျေးဇူးတင် လက်အုပ်ချီမိုး ကန်တော့အပ်ပါတယ်ရှင်။ ကျွန်မ အနှစ်သက်ဆုံးသော မြန်မာ၊ အင်္ဂလိပ် ဘာသာရပ်များမှာလည်း အတိုင်းထက်အလွန်ဖြစ်အောင်ကို သင်ကြားပို့ချပေးခဲ့တဲ့ ဆရာ၊ ဆရာမများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။သမီးကို ဒီနေ့ဒီအချိန်အထိ စောင့်ရှောက်ဖေးမပေးမြဲဖြစ်သော OiAC founder အဖဆရာဦးရဲလင်း၊ အမိ သုဓမ္မသိင်္ဂီ ဆရာမအိအိခင်၊ သင်ကြားရေး ဆရာကြီး၊ဆရာမကြီးများကို သမီးအထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားပါရစေရှင်။
Once a OiAC , always OiAC

ကျောင်းသူဟောင်း မအိချောဖြူ

ဘာသာစုံ ဂုဏ်ထူးရှင် (၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်)
ကျောင်းသားဟောင်း မောင်အောင်သူရလွင်

OiAC လို့ကြားလိုက်မိတာနဲ့ ချက်ချင်းကို လွမ်းမိသွားတယ်။ ဆရာ၊ဆရာမတွေရဲ့ နွေးထွေးတဲ့ စကားသံတွေ၊ စိတ်ရှည်တဲ့ သင်ပြမှုတွေနဲ့ မိသားစု တစ်ခုလို ရင်းနှီးခဲ့တာတွေက မနေ့ တနေ့ကလိုပါပဲဗျာ။ ကျောင်းတော်ကြီးမှာ အတူတူ ပညာရင်နို့ သောက်စို့ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလဲ သတိတရရှိလှပါတယ်ဗျာ။ သုံးနှစ်တာ ကျောင်းတော်ကြီးမှာ ပညာသင်ကြားပြီးတဲ့နောက်မှာ OiAC က ကျွန်တော့်အတွက် ဒုတိယမိသားစုလိုပါပဲ။ သူငယ်ချင်းတွေနဲ့ အတူတူစာကျက်လိုက်၊ ငြင်းလိုက်ခုန်လိုက်နဲ့ အမှတ်တရတွေက အများကြီးပါဗျာ။ ဆရာ၊ဆရာမများကလည်း ဆရာဟူသည် တပည့်ဟူသည် မခွဲခြားပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်ဗျာ။ ဆရာတို့ ဆရာမတို့ အပေါ်ပြစ်မှားမိခဲ့တာရှိလျင်လဲ ခွင့်လွှတ်ပါလို့ ဒီကနေပဲ တောင်းပန်ကန်တော့လိုက်ပါတယ်ဗျာ။ နှစ်တွေဘယ်လောက်ကြာကြာ၊ ဘယ်လောက်ဝေးဝေး၊ ဘယ်နေရာပဲရောက်ရောက် OiAC မှာ စာသင်ခဲ့ရတဲ့ နေ့ရက်တွေကို မေ့သွားမှာတော့ မဟုတ်ဘူးဗျာ။ OiAC ကြီးလဲ ဒီထက်မက အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလျက်။
We are OiAC family.

ကျောင်းသားဟောင်း မောင်အောင်သူရလွင်

ငါးဘာသာဂုဏ်ထူးရှင် (၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်)
Recent Posts

Latest Articles

OiAC ကိုယ်ပိုင်အထက်တန်းကျောင်း (လယ်ဆင့် ကျပန်းစကားပြောပြိုင်ပွဲ)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ OiAC ကိုယ်ပိုင်အထက်တန်းကျောင်း၏ လယ်ဆင့် ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာလ (၁၈)ရက်နေ့တွင်…
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း (ကျောင်းကောင်စီဒိုင်းဘောလုံးပြိုင်ပွဲ)
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း 🏆ကျောင်းကောင်စီဒိုင်း ဘောလုံးပြိုင်ပွဲ🏆 (တတိယနေရာလုပွဲ နှင့် ဗိုလ်လုပွဲ) ယှဉ်ပြိုင်ကစားမှု/ဆုပေးပွဲပုံရိပ်များ…
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း (ထက်ဆင့် စကားရည်လုပြိုင်ပွဲ)
“စာရိတ္တကောင်းခြင်းသည် ပညာတတ်ခြင်းထက် ပို၍ကောင်းသည်” (ထက်ဆင့် စကားရည်လုပြိုင်ပွဲ) OiAC ကိုယ်ပိုင်အထက်တန်းကျောင်းရှိ အထက်တန်းကျောင်းသား/ကျောင်းသူများမှ…