နှုတ်ခွန်းဆက် စာသဝဏ်
OiACသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်ခံထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်ပါသည်။ မြန်မာ့ပညာရေးနယ်ပယ်တွင် ကျောင်းသား/သူများ၏ ထူးချွန်အောင်မြင်မှု ၊ မိဘများ၏ယုံကြည်မှုတို့ဖြင့် ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်၍ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မှတ်တိုင်စိုက်ထူခဲ့သော မဟာကျောင်းတော်ကြီး ဖြစ်ပါသည်။
OiAC သည် ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်သည်နှင့်အညီ မြန်မာပြည်တစ်နှံ့တစ်လျားမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သားသမီး ၊ ကျောင်းသား/သူများကို မိမိရင်မှဖြစ်သော ရင်သွေးပမာ ကောင်းမွန်လုံခြုံသောနေထိုင်မှု ၊ ကျန်းမာညီညွှတ်သောကျွေးမွေးစောင့်ရှောက်မှုတို့ဖြင့် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ OiAC သည် ယဥ်ကျေးမှုဓလေ့တို့ အတူတကွရှင်သန်ဖွံ့ဖြိုးနေသည့်အတွက် ပန်းပေါင်းစုံသည့် ပညာ့ဥယျာဥ်အဖြစ် တည်နေပါသည်။ ထို့ပြင် OiACသည် ကျောင်းသား/သူများ၏ တီထွင်ကြံဆထိုးထွင်းသိမြင်မှု ၊ ကျိုးကြောင်းခွဲခြမ်းစိတ်ဖြာမှုတို့ကို တိုးတက်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ ကျောင်းသား/သူများ၏ ကာယဖွံ့ဖြိုးမှု ၊ စိတ်နေနှလုံးသားကြီးမြင့်မှုအတွက်လည်း OiACသည် တခါတရံမှ မေ့လျော့ခြင်းမရှိခဲ့ပါ။

စကားလုံး၏ တန်ဖိုးများ
Objective
Achievement
Inspiration
Capability
Our Inspiration Academic Center Private Boarding High School
- မျှော်မှန်းချက်
- လုပ်ဆောင်ချက်
- ဆောင်ပုဒ်
အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ခြင်း၊ ယဥ်ကျေးမှုကို မြတ်နိုးခြင်း၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသောစိန်ခေါ်မှုတို့အတွက် အစဥ်သင်ယူလေ့လာနေသော ကျောင်းသား၊ ကျောင်းသူများအဖြစ် မြှင့်တင်အားပေးနေသောအကောင်းဆုံးသင်ကြား၊ သင်ယူမှုဗဟို ဖြစ်စေရန်။
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းသော စဥ်းစားတွေးခေါ်မှုကို တွန်းအားပြု၍ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေးအင်အားစုတို့၏ အရည်အချင်းကို မြှင့်တင်ခြင်းဖြင့် မြန်မာပြည်၏အကောင်းဆုံးသင်ကြား၊ သင်ယူမှုဗဟို ဖြစ်စေရန်။
‘လောကသည် ပညာတန်ခိုးဖြင့် အလှဆင်မှသာ တင့်တယ်မည်’





ကျောင်းဝင်း
OiAC (ရန်ကုန်)သည် အမှတ်(၃၂၃)၊ သစ္စာလမ်းမ၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပ၊ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် တည်ရှိသည်။ ရန်ကုန်မြို့၏ ဆိတ်ငြိမ်အေးချမ်းသောရပ်ကွက်တွင် တည်ထောင်ထားပါသည်။
OiAC-2 (နေပြည်တော်)သည် အမှတ်(၂၈)၊ မြတ်လေးဖြူလမ်း၊ ဒက္ခိဏသီရိမြို့၊ နေပြည်တော်တွင် တည်ရှိသည်။ (၇)ဧကခွဲကျယ်ဝန်းသော ကျောင်းဝင်းအတွင်းတွင် နှစ်ထပ်စာသင်ဆောင်၊ အိပ်ဆောင်များ၊ အားကစားကွင်းတို့ဖြင့် ဖွဲ့စည်းထားသောကျောင်းတော်ဖြစ်သည်။ လွတ်လပ်အေးချမ်းမှု၊ ပျော်ရွှင်မှုတို့နှင့်အတူ ပညာဆာယာဥယျာဥ်တစ်ခုဖြစ်၏။
စာသင်ခန်းများ
ကျယ်ဝန်း၍ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်သော စာသင်ခန်းများ၌ လေအေးပေးစနစ်ဖြင့် ကျောင်းသား/သူများ သင်ယူလေ့လာနိုင်ရန် စီစဥ်ထားသည်။
ပညာရေးအင်အားစု
OiAC ၌ သက်ဆိုင်ရာ ဘာသာရပ်တွင် ထူးချွန်ထက်မြက်ပြီး သင်ကြားမှုအတွေ့အကြုံကုံလုံသော ၊ သင်ကြားမှုကို အနုပညာတစ်ခုပမာ ဖန်တီးလေ့ကျင့်ပေးနိုင်စွမ်းရှိသည့် သင်ကြားရေးဆရာ/ဆရာမ အင်အားစုဖြင့် ဖွဲ့စည်းထားပါသည်။ ဆရာအများစုသည် (Ph.D, BE, M.Sc, M.A) ဘွဲ့အသီးသီးကို ပိုင်ဆိုင်ထားသူများ ဖြစ်ပါသည်။ မိမိတို့၏ပညာရပ်နယ်ပယ်တွင် အမြဲစူးစမ်းလေ့လာအားထုတ်နေသူများဖြစ်ကြသည်။

ပညာရေးပြက္ခဒိန်
နှစ်စဥ် မတ်လတွင် ကျောင်းအပ်လက်ခံလျက်ရှိသည်။ ကျောင်းကို ဇွန်လတွင် စတင်ဖွင့်လှစ်ပြီး မတ်လတွင် ပညာရေးဆုံးခန်းတိုင်ပါသည်။ ကျောင်းချိန်မှာ နံနက် (၇:၃၀) နာရီမှ ညနေ (၅:၃၀)နာရီ အထိဖြစ်ပါသည်။ စာသင်ချိန်တစ်ချိန်လျှင် မိနစ်(၉၀) ကြာမြင့်သည်။ စာသင်ချိန်အပြင် ကာယချိန်၊ သိပ္ပံလက်တွေ့ချိန်၊ ဂီတ၊ ပန်းချီနင့် ဘာသာစကားသင်ယူမှုအချိန်တို့ပါ စီစဥ်ထားသည်။

သင်ကြားရေး နှင့် လေ့ကျင့်ရေး
ခေတ်မီပညာရေးစနစ်နှင့်လျော်ညီစွာ နှုတ်တိုက်ကျက်မှတ်လေ့ကျင့်မှုကို စွန့်ပယ်၍ နားလည်တတ်ကျွမ်း၍ ထိုးထွင်းသိမြင်နိုင်မှု၊ ကျိုးကြောင်းခွဲခြားစိစစ်စေနိုင်မှုကိုအားပေးသော သင်ကြားမှု၊ လေ့ကျင့်မှုကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ ၎င်းအတွက် ဉာဏ်ရည်အလိုက်အုပ်စုဖွဲ့၍အုပ်စုလိုက်ဆွေးနွေးခြင်း၊ Tutorial ဖြေဆိုခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
TEACHING AID PROGRAMME
- သိပ္ပံလက်တွေ့လုပ်ဆောင်မှု
- ဘာသာစကားကျွမ်းကျင်မှု
သိပ္ပံလက်တွေ့လုပ်ဆောင်မှု
ဓာတုဗေဒ ၊ ရူပဗေဒ၊ ဇီဝဗေဒတို့ သင်ကြားလေ့ကျင့်ရာတွင် ကျောင်းသား/ကျောင်းသူများ ပိုမိုနားလည်တတ်ကျွမ်းစေရန် သိပ္ပံလက်တွေ့လုပ်ဆောင်မှုများကို သင်ရိုးညွှန်းတမ်းနှင့်အညီ စီစဥ်ထားသည်။

CO-CURRICULUM
အားကစား
ကာယစွမ်းရည် တိုးတက်မှု၊ အသင်းလိုက်စည်းလုံးမှုနှင့် နားလည်ကြည်ဖြူ အပေးအယူမျှတမှု၊ ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးရန် မိမိတို့ နှစ်သက်ရာအားကစားတစ်ခုခုကို ပါဝင်ဆင်နွှဲရန် စီစဥ်ထားပါသည်။

လေ့လာရေးခရီး
ဒေသန္တရဗဟုသုတရရန် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ဂေဟစနစ်ညီမျှမှု၊ အရေးပါမှုကို သိရှိတန်ဖိုးထားတတ်စေရန် လေ့လာရေးခရီးစဥ်များကို စီစဥ်ထားသည်။

နှလုံးသားအာဟာရတိုက်ကျွေးမှု
အစီအစဥ်
ပညာပြည့်ဝနှလုံးလှသူများ ဖြစ်လာစေရန် စာပေဟောပြောပွဲများကို နှစ်စဥ် ကျင်းပပေးလျက်ရှိပါသည်။

ကျန်းမာရေးပညာပေးမှု အစီအစဥ်
သက်ဆိုင်ရာနယ်ပယ်အလိုက် အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်တစ်ကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရန် လာရောက်ဟောပြောပို့ချလျက် ရှိပါသည်။

ဘာသာရေးဆိုင်ရာအလှူများနှင့် လူမှုရေးဆိုင်ရာပရဟိတလုပ်ငန်းများ လုပ်ဆောင်မှု
ကျောင်းသားကျောင်းသူများ ယဥ်ကျေးလိမ္မာလာစေရန်နှင့် ပရစိတစိတ်များရှင်သန်တိုးပွားလာစေရန်ရည်ရွယ်၍ တရားဆုံးမသြဝါဒပွဲများကျင်းပပေးခြင်း ၊ နှစ်စဥ်ဘာသာရေးအလှူပွဲများပြုလုပ်ပေးခြင်း၊ ပရဟိတလုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးခြင်းတို့ကို နှစ်စဥ်ကျင်းပပြုလုပ်ပေးလျှက် ရှိပါသည်။

ဘော်ဒါဝန်ဆောင်မှု
ကျောင်းသား/သူများ၏လုံခြုံနွေးထွေးသောနေထိုင်မှု၊ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုတို့အတွက် အဆောင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် သက်ဆိုင်ရာအဆောင်မှူးများက စနစ်တကျစီမံခန့်ခွဲလျက်ရှိပါသည်။ လစဥ်ကျန်းမာရေးစစ်ဆေးမှု၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း (၂၄)နာရီအပြည့်စီစဥ်ထားသည့်အပြင် အထူးကုဆရာဝန်ကြီးများနှင့်လည်း လိုအပ်လျှင် ပြသကုသမှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

Management Team
ဒေါ်သန်းသန်းနွဲ့
သုဓမ္မသိင်္ဂီ ဒေါ်အိအိခင်
ဦးရဲလင်း

ဦးရဲလင်း
(တည်ထောင်အုပ်ချုပ်သူ)
MBA (Northampton, UK)
M.Sc(Building Science)(NUS)
B.E(Mechanical)YIT

သုဓမ္မသိင်္ဂီ ဒေါ်အိအိခင်
(တည်ထောင်အုပ်ချုပ်သူ)
MBA (Northampton, UK)
B.Sc(Chemistry)
I.H.D.C.S(NCC, UK)

ဒေါ်သန်းသန်းနွဲ့
(ကျောင်းအုပ်ဆရာမကြီး)
B.A
B.Ed
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း

ဒေါ်မြင့်မြင့်ဦး
(ကျောင်းအုပ်ဆရာမကြီး)
B.A
B.Ed
OiAC-2ကိုယ်ပိုင်အထက်တန်းကျောင်း
Distant learning for creative solutions
Explain to you how all this mistaken idea of denouncing pleasure and praising pain was born and I will give you.









