Skip to content Skip to footer

မြို့နယ်အဆင့်၊ တိုင်းအဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်လျက်ရှိတဲ့ OiAC 2

မြို့နယ်အဆင့်၊ တိုင်းအဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်လျက်ရှိတဲ့ OiAC 2

OiAC 2 ကျောင်းသားတွေရဲ့ အောင်မြင်မှုများဟာဆိုရင် မိမိတို့ကျောင်းတွင်းအရည်အချင်းစစ် ‌စာမေးပွဲများမှာသာမက တိုင်းအဆင့်၊ မြို့နယ်အဆင့်စတဲ့ အခြားသောကျောင်းတွေက ‌အတော်ဆုံးကျောင်းသားများနဲ့ စွမ်းရည်ချင်းယှဉ်ပြိုင်ရာမှာလည်း ထိပ်ဆုံးနေရာမှာရပ်တည်လျက်ရှိပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြို့နယ်အဆင့်၊ တိုင်းအဆင့် အင်္ဂလိပ်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများမှာ OiAC 2 ကျောင်းသား၊ ကျောင်းသူတွေက ပထမ၊ ဒုတိယစတဲ့ ဆုတံဆိပ်များစွာနဲ့ ကျောင်းရဲ့ဂုဏ်ကို ဆောင်နေကြစမြဲပါ။

လပတ်စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကစလို့ အခုလို စွမ်းရည်ပြိုင်ပွဲများမှာပါ ထူးချွန်ထက်မြက်နေရခြင်းဟာ OiAC 2 ဆရာ၊ဆရာမများရဲ့ ဖိဖိစီးစီးလမ်းညွှန်သင်ကြားမှုနဲ့ လုံ့လစိုက်ထုတ်ခဲ့ကြတဲ့ ကာယကံရှင်ကလေးငယ်များရဲ့ ကြိုးစားမှုတို့ကြောင့်ပါပဲ။

OiAC 2 ကျောင်းသားဟောင်းများရဲ့ အစဉ်အလာအတိုင်း မြို့နယ်နဲ့တိုင်းအဆင့်များမှာ အခုလိုဆုတွေဆွတ်ခူးပေးခဲ့တဲ့ သားတို့သမီးတို့အတွက် OiAC 2 မှ အစဉ်အမြဲဂုဏ်ယူရသလို အောင်မြင်မှုများ ဆက်လက်ရရှိစေဖို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

“We are Family OiAC” 

အသေးစိတ်စုံစမ်းရန်
OiAC 2 ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ် (၂၈) ၊ မြတ်လေးဖြူလမ်း ၊ ဒက္ခိဏသီရိမြို့ ၊ နေပြည်တော်။
(viber) 09-5065358, 09-788066551, 09-788066552

Leave a comment