မြန်မာ့ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးနေတဲ့ OiAC 2
နေပြည်တော်မြို့က OiAC 2 ကျောင်းတော်ကြီးဟာ သက်ဆိုင်ရာဘာသာရပ်အသီးသီးမှာ ထူးချွန်ကျောင်းသားတွေ မွေးထုတ်ပေးနိုင်အောင် အလေးအနက်ထားပြီး သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
အတန်းတိုင်းမှာ အောင်ချက်မြင့်မားရေးနဲ့ မြို့နယ်အဆင့်၊ တိုင်းအဆင့် ထူးချွန်မောင်မယ်တွေ ထွက်ရှိလာဖို့ စာသင်နှစ်အစကတည်းက သေချာအစီအစဉ်ဆွဲပြီး လေ့ကျင့်ပေးပါတယ်။
ကလေးတစ်ဦးချင်းအား စောင့်ကြည့်လေ့လာပြီး ထူးချွန်ကျောင်းသားဖြစ်လာနိုင်တဲ့ကလေးတွေကို သက်ဆိုင်ရာဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကလေးတွေရဲ့စွမ်းရည်တွေ ပိုမိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်းဖြင့် ဘက်စုံထူးချွန်ပြိုင်ပွဲတွေအတွက် ပြင်ဆင်စေပါတယ်။
ဒီလိုပြင်ဆင်မှုတွေကြောင့် စာသင်နှစ်တိုင်းမှာ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်နဲ့ တိုင်းအဆင့်တွေမှာ မှတ်ကျောက်အသီးသီး တင်ထားနိုင်တာဖြစ်ပါတယ်။
နာနာသွေးတဲ့ ဓားက ပိုထက်သလို ကလေးတွေရဲ့ စွမ်းရည်တွေ တိုးတက်သထက်တိုးတက်လာဖို့ အမြဲလေ့ကျင့်ပေးနေလို့ OiAC 2 ကိုယ်ပိုင်အထက်တန်းကျောင်းကြီးမှာ သင့်ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါပြီနော်။
“We are Family OiAC”
အသေးစိတ်စုံစမ်းရန်
OiAC 2 ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ် (၂၈) ၊ မြတ်လေးဖြူလမ်း ၊ ဒက္ခိဏသီရိမြို့ ၊ နေပြည်တော်။
(viber) 09-5065358, 09-788066551, 09-788066552