ကလေးကို ကျောင်းထားတော့မယ်ဆိုရင် မိဘတွေစိတ်အပူဆုံးအရာတွေ
************************************
ကလေးကို ကျောင်းစထားတော့မယ်ဆိုရင် (ဒါမှမဟုတ်) ကျောင်းပြောင်းရတော့မယ်ဆိုရင် မိဘတွေမှာ ဟိုဟိုဒီဒီ အစစအရာရာ စိတ်ပူရတာ ထုံးစံပါပဲ။
မိဘအများစုကတော့ ဒီလိုအရာတွေကို စိတ်ပူလေ့ရှိကြပါတယ်။
စည်းကမ်းပိုင်း ကောင်းပါ့မလား။
_________________________________________
တစ်နေ့မှာ လူကြီးဖြစ်လာမယ့် ကလေးတွေအတွက် အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးကတော့ စည်းကမ်းပိုင်းပါပဲ။ ကျောင်းထားတဲ့အခါမှာ ကျောင်းမှာစည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ တင်းကြပ်ပါ့မလား၊ တကယ်ရော ကလေးတွေက စည်းကမ်းရှိလာပါ့မလား၊ စည်းကမ်းမရှိရင် ကလေးတွေအနေနဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေကို မိဘတွေက စိတ်ပူကြပါတယ်။ အိမ်မှာရော ကျောင်းမှာပါ စည်းကမ်းတကျ နေထိုင်ပြုမူ ပြောဆို တတ်ဖို့အတွက် မိဘတွေက ကျောင်းမှာ ဘယ်လောက်ထိ Train ပေးသလဲဆိုတာကို အာရုံစိုက်ကြပါတယ်။
ဆရာ/ မတွေက စာအသင်အပြ ကောင်းပါ့မလား။
_________________________________________
ကိုယ့်ကလေးကို ကျောင်းထားတော့မယ်ဆိုရင် ဆရာ/ဆရာမတွေရဲ့ သင်ကြားမှု၊ Qualify ဖြစ်မှုတွေကို မိဘတွေက ကြည့်တတ်ကြပါတယ်။ စာအသင်အပြ ကောင်းတာကလည်း ကလေးတွေကို ကျောင်းထားဖို့အတွက် ဆွဲဆောင်နိုင်တဲ့အချက် (၁) ချက်ပဲမို့လို့ မိဘတွေက အသင်အပြနဲ့ ပတ်သက်လို့တော့ ရေကုန်ရေခန်း စုံစမ်းကြမှာပါပဲ။
ဆရာ : ကျောင်းသား
_________________________________________
ကျောင်းထားဖို့ရွေးတဲ့အခါမှာ ဆရာအင်အားလုံလုံလောက်လောက်ရှိရဲ့လား ဆိုတာကိုလည်း မိဘတွေက စိတ်ပူတတ်ကြပါတယ်။ ဆရာ/ဆရာမ အင်အား မလုံလောက်လို့ ကလေးတွေက ဒီဘာသာရော၊ ဟိုဘာသာရော ဒီဆရာ/ဆရာမ တစ်ယောက်ထဲနဲ့ သင်ရတာမျိုးတွေ ဖြစ်လာမှာကို မိဘတွေကစိတ်ပူတတ်ကြပါတယ်။ ဆရာအင်အားများတယ်၊ စာသင်ခန်းထဲမှာ ကလေးတွေလည်း နည်းတယ်ဆိုရင် ကလေးတွေက ဆရာ့ဆီကနေ အာရုံပိုစိုက်ခံရနိုင်တဲ့အတွက် မိဘတွေက သဘောကျကြပါတယ်။
သင်ရိုးညွှန်းတမ်းကရော ဘယ်သင်ရိုးနဲ့သင်မှာလဲ။
_________________________________________
အကောင်းဆုံးဆိုတဲ့ ပညာရေးကို ဖန်တီးပေးချင်တဲ့ ဖေဖေ၊ မေမေတို့က ကျောင်းထားတော့မယ်ဆိုရင် အများညွှန်းလို့ ထားလိုက်တာမျိုးမလုပ်ဘဲနဲ့ ကျောင်းက ဘာသင်ရိုးနဲ့သင်တာလဲဆိုတာကို အထူးတလည် စိတ်ဝင်စားတတ်ကြပါတယ်။ သင်ရိုးညွှန်းတမ်းနဲ့ရော ကလေးက လိုက်နိုင်ပါ့မလား၊ ကလေးအတွက် Benefits တွေ ဘာတွေရှိနိုင်လဲဆိုတာကို အသေးစိတ် လေ့လာတတ်ကြပါတယ်။ မထိရောက်တဲ့သင်ရိုးမျိုး သင်ရမှာကို မိဘတွေက စိတ်ပူလေ့ရှိကြပါတယ်။
Extra Activities တွေရောရှိပါ့မလား။
_________________________________________
အထူးသဖြင့် ကိုယ်ပိုင်ကျောင်းမှာထားပြီဆိုရင် ကလေးတွေအတွက် ပုံမှန်စာသင်ခန်းထဲမှာ သင်နေရတဲ့ သင်ခန်းစာတွေအပြင် Extra Activities တွေ ပါပါ့မလားဆိုပြီးတော့လည်း မိဘတွေက စိုးရိမ်တတ်ကြပါသေးတယ်။ အခုခေတ်မှာက စာပေတစ်ခုထဲတင်မကဘဲ တခြား Activities တွေကိုလည်း မိဘတွေက စိတ်ဝင်စားလာကြပါပြီ။
ကျောင်းကအရမ်းများဝေးနေမလား။
_________________________________________
ကျောင်းအကြို/ အပို့လုပ်တဲ့မိဘတွေက ကလေးတက်မယ့်ကျောင်းနဲ့ ကိုယ့်အိမ်နဲ့ အရမ်းအလှမ်းဝေးနေရင် အဲ့ကျောင်းမှာ မထားချင်ကြပါဘူး။ နီးနီးနားနားရှိမှ ကျောင်းကို သွားရေးလာရေးလွယ်မယ်၊ ကလေး ကျောင်းတက်တဲ့အခါမှာ အိပ်ရာ စောစောထစရာမလိုဘူး၊ ကားလမ်းမပိတ်ဘူးဆိုပြီး တွေးလေ့ရှိကြပါတယ်။ ဒီလိုနဲ့ အိမ်နဲ့ ကျောင်းအကွာအဝေးကလည်း မိဘတွေရဲ့ ကျောင်းရွေးချယ်မှုအပိုင်းမှာ စိတ်ပူစရာတစ်ခု ဖြစ်လာပါတယ်။
ကျောင်းအဆောက်အဦကရော ဘယ်လိုရှိလဲ။
_________________________________________
ကျောင်းအတွင်းပိုင်းထဲထိကို မစူးစမ်း မလေ့လာခင်၊ School Tour မလုပ်ခင်မှာ ကလေးတက်မယ့်ကျောင်းအပြင်ပန်းပုံစံကိုမိဘတွေက အရင်လေ့လာတတ်ကြပါတယ်။ အပြင်ပန်း Image ဆွဲဆောင်မှုရှိနေမှ နောက်အဆင့်တွေကို ဆက်စဥ်းစားကြတာပေါ့နော်။ ကျောင်းအဆောက်အဦက ကလေးတွေကို တကယ် Standard ရှိတဲ့ ပညာရေးမျိုးသင်ပေးနေတဲ့ ကျောင်းမျိုးဖြစ်ပါ့မလားဆိုတာကို အရင်တွေးမိစေတာ အသေအချာပါပဲ။
ကျောင်းလခများနေမလား။
___________________________________
မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးဆိုတဲ့အရာတွေကြီးပဲ ပေးချင်ကြတာပါပဲ။ ကျောင်းထားတဲ့အခါမှာဆိုရင် အကောင်းဆုံး ကျောင်းတွေကို ထားချင်ပေမယ့် Budget ကို ချိန်ဆပြီးတော့ ငွေကြေးကုန်ကျစရိတ်လည်းသင့်မယ်၊ ကောင်းမွန်တဲ့ပညာရေး၊ ထူးချွန်တဲ့ ကလေးတွေကို မွေးထုတ်နိုင်မယ်ဆိုရင် အဲ့လိုကျောင်းမျိုးကိုပဲ ပိုပြီး ဦးစားပေးရွေးချယ်တတ်ကြပါတယ်။
** ဒါတွေကတော့ အခြေခံအနေနဲ့ ကလေးတစ်ယောက်ကို ကျောင်းထားတော့မယ်ဆိုရင် မိဘတွေ စိတ်ပူလေ့ရှိတဲ့အရာတွေမို့လို့ OiAC Private School မှာ ကျောင်းထားတဲ့ မိဘတွေကလည်း ကိုယ့်အနေနဲ့ ကျောင်းစထားတုန်းက စိုးရိမ်တဲ့အရာ၊ စိတ်ပူတဲ့အရာမျိုးရှိခဲ့ရင် Comment မှာ ဖလှယ်ခဲ့လို့ရပါတယ်နော်။
OiAC Private School မှာတော့ အားလုံးသိကြတဲ့အတိုင်း ကလေးတစ်ဦးချင်းစီကို စနစ်တကျ စည်းကမ်းတကျ စောင့်ရှောက်ပျိုးထောင် သင်ကြားပေးနေပြီးတော့ ကလေးတွေရဲ့ အားသာချက်၊ အားနည်းချက်၊ စိတ်ခံစားမှု၊ စိတ်ခံစားမှုကိုလိုက်ပြီး ပြုမူပြောဆိုမှု စတာတွေ အကုန်လုံးကို ထိန်းကွပ်ပေးနေတာမို့လို့ မိဘတွေအနေနဲ့ 100% စိတ်ချယုံကြည်မှုအပြည့် ထားရှိနိုင်ပါတယ်။
လက်ရှိမှာလည်း လာမယ့် 2024-2025 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပေးနေပါတယ်နော်။
**********************************
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ်(၃၂၃)၊ သစ္စာလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
(viber) 09-43070190 , 09-43070191 , 09-764370191, 09-767770191