ကလေးတွေက ကျောင်းမှာစာလုပ်တယ်ဆိုပြီးတော့ အိမ်ပြန်ရောက်တဲ့အခါမှာ ဘာစာမှ မကျက်ခိုင်းပဲ နေတဲ့ မိဘတွေတော့မရှိလောက်ပါဘူးနော်။ မိဘတိုင်းလိုလိုကတော့အထူးချွန်ဆုံးပဲ ဖြစ်စေချင်ကြတာမို့လို့ ကလေးတွေအိမ်ပြန်ရောက်တဲ့အခါမှာ စာကျက်ဖြစ်အောင်ဆိုပြီး ဘေးကနေ ငုတ်တုတ်လိုက်ထိုင်ပြီး စာကူကျက်ပေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တကယ်က ကလေးတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီးတော့ စာကျက်ချင်စိတ်ဖြစ်အောင်လို့ Train ပေးဖို့ ကြိုးစားကြည့်သင့်ပါတယ်။
ဒါဆို ဖေဖေ၊ မေမေတို့လည်း မပင်ပန်းတော့ဘူး၊ ကလေးအတွက်လည်း ကိုယ့်အားကိုယ်ကိုးတတ်သွားအောင် နှစ်ဦးနှစ်ဖက် အရမ်းအဆင်ပြေပါတယ်နော်။ ကလေးတွေ ကိုယ်တိုင်စာကျက်တတ်အောင်၊ စာလုပ်အောင်လို့ ဒီနည်းလမ်းလေးတွေ သုံးကြည့်ကြည့်ပါ။
ကလေးတွေစိတ်လွင့်စေလောက်မယ့် အရာတွေကိုဖယ်ရှားထားပါ။__________________________________________________
အိမ်ပြန်ရောက်တာနဲ့ ဂိမ်းတန်းဆော့တာမျိုး မဖြစ်ရအောင် ကန့်သတ်သင့်တာ ကန့်သတ်ပြီး အာရုံပျံ့လွင့်မှုမရှိအောင် ပထမဆုံးထိန်းချုပ်ရပါမယ်။ ကလေးတွေအနေနဲ့ Screen-time အရမ်းများလွန်းသွားရင် စာထဲကို စိတ်ရောက်ဖို့ ပိုပြီးခက်ခဲတာကြောင့် မိဘတွေက Time Limit လေးလုပ်ပြီးတော့ စည်းကမ်းချထားသင့်ပါတယ်။ အိမ်မှာ ကလေးအငယ်တွေ ပတ်ဆော့နေတာမျိုး၊ လူကြီးတွေက အသံအကျယ်ကြီးနဲ့ TV ကြည့်တာမျိုးတွေ၊ စကားဝိုင်းထိုင်ပြောတာမျိုးတွေ အားလုံးက ကလေးတွေအတွက်စာကြည့်တဲ့အခါမှာ အာရုံလွင့်စေတဲ့ အရာတွေမို့လို့ ဒီအရာတွေကိုလည်း တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အကြံပေးချင်ပါတယ်။ ကျောင်းစာကြည့်ဖို့အတွက်က အသံတိတ်ပြီး ငြိမ်သက်အေးချမ်းတဲ့နေရာမျိုးဆို ကလေးတွေအတွက် အကောင်းဆုံးပါပဲ။
စာကြီးပဲ မလုပ်ခိုင်းပါနဲ့။
______________________________________
ကျောင်းကပြန်ရောက်လာတာနဲ့ စာကိုတန်းလုပ်ဆိုတာမျိုး မလုပ်ဘဲ သူ့အချိန်နဲ့သူ စာလုပ်ချိန်စာလုပ်၊ ကစားချိန်ကစား၊ Game ဆော့ချိန်ဆော့ … သူ့အချိန်နဲ့သူ စနစ်တကျလေး လုပ်ကိုင်တတ်အောင် ကလေးကို လေ့ကျင့်ပေးထားသင့်ပါတယ်။ စာကြီးပဲ လုပ်နေရပါများရင် ကလေးအတွက် ငြီးငွေ့လာတာကလွဲလို့ ဘာစာမှ ပိုမရလာနိုင်ပါဘူး။ စာလုပ်ပြီးလို့ အားတဲ့အချိန်မှာ လမ်းလျှောက်ထွက်တာ၊ မုန့်သွားစားတာ၊ သူငယ်ချင်းတွေနဲ့ အတူတူ ဆုံတာမျိုးတွေ လုပ်ခွင့်ပြုပေးပါ။
Idea အသစ်တွေနဲ့ သင်ပေးပါ။
____________________________________
အိမ်မှာ စာအုပ်တွေနဲ့ကြီးပဲ စာကျက်ရတဲ့အခါမှာ ကလေးတွေအတွက် စိတ်ဝင်စားမှုက နည်းသထက် နည်းလာနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ စာကြည့်တဲ့အခါ ကလေးတွေ စိတ်ဝင်စားအောင်လို့ စာအုပ်နဲ့တင်မဟုတ်ဘဲ Podcast တို့၊ Audio book တို့ကနေ အသံနားထောင်ပြီး စာလေ့လာစာတာမျိုး၊ Internet ကနေ Research လုပ်ပြီး လေ့လာစေတာမျိုးတွေလည်း လုပ်ခိုင်းသင့်ပါတယ်။
ချီးကျူးပေးပါ။
________________________
ကလေးတွေမှမဟုတ်ပါဘူး၊ လူတိုင်းက ချီးကျူးတာကို သဘောကျကြတာချည်းပါပဲ။ မိဘတွေအနေနဲ့က အသေးအဖွဲလေးပဲဖြစ်ဖြစ် တစ်ခုခုကို ကလေးတွေ လုပ်ဆောင်နိုင်လိုက်တယ်ဆိုရင် သူတို့ရဲ့ အောင်မြင်မှုလေးတွေကို ချီးကျူးပေးပါ။ အရေးတယူလုပ်ပေးပါ။ ဒီအရာလေးတွေကလည်း ကလေးတွေကို ပိုကြိုးစားချင်စိတ် ဖြစ်စေပါတယ်။
ကြိုတင်ပြင်ဆင်တဲ့ အလေ့အကျင့်လေး လုပ်ပေးပါ။
__________________________________________________
ကြိုတင်ပြင်ဆင်တာက အောင်မြင်ဖို့အတွက် လိုအပ်ချက်တစ်ခုပါပဲ။ လာမယ့်စာမေးပွဲတွေ၊ Project Presentation တွေအတွက် ကလေးတွေကို ကြိုတင်ပြင်ဆင်တတ်အောင်လို့ တိုက်တွန်းပါ။ တစ်နေ့ထဲနဲ့အကုန်လုံး လုပ်စရာမလိုဘဲ သူ့အပိုင်းလေးနဲ့သူ တစ်ကဏ္ဍစီပြီးမြောက်အောင်လုပ်ဖို့ပဲ အရေးကြီးကြောင်းကို ကလေးတွေကို ပြောပေးပါ။
ပျော်ရွှင်ဖို့ဦးစားပေးပါ။ အိပ်ရေးဝဝအိပ်ခိုင်းပါ။
__________________________________________________
ကလေးတွေက ကျောင်းစာလုပ်ရုံနဲ့တင် အောင်မြင်တာမျိုးမဟုတ်ပါဘူး။ ကျောင်းစာလုပ်တဲ့နေရာမှာ အောင်မြင်ဖို့အတွက် ကလေးတွေရဲ့ အိပ်ချိန်ကို ဂရုစိုက်ဖို့လိုပါတယ်။ အိပ်ရာဝင်ချိန် တိတိကျကျ သတ်မှတ်ပေးထားခြင်းကလည်း ကလေးတွေအတွက် ပိုပြီးတော့ အဆင်ပြေပါတယ်။ နောက်တစ်ခုကတော့ ကလေးတွေပျော်ရွှင်ဖို့အတွက် စာကျက်ချိန်မစခင်နဲ့ စာကျက်လို့အပြီးမှာ သူတို့ ဝါသနာပါတာလေးတွေလုပ်ခိုင်းပေးပါ။ ဆော့မယ်ဆိုရင်လည်း ခွင့်ပြုပေးပါ။
ကူညီပေးဖို့ အသင့်ရှိနေပေးပါ။
__________________________________________________
ကျောင်းမှာသင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေကို အိမ်မှာပြန်လေ့လာတဲ့အခါ ကလေးအနေနဲ့ ဖေဖေ၊ မေမေတွေကို ပြန်မေးခဲ့မယ်ဆိုရင် ပံ့ပိုးကူညီပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။ ကလေးတွေရဲ့ ယုံကြည်မှုကို ပိုရလာနိုင်သလို ဖေဖေ၊ မေမေပြောတဲ့ စကားကိုလည်း ပိုပြီးနားထောင်လာဖို့များပါတယ်။
ကလေးတွေအနေနဲ့ကိုယ်တိုင် Self-study လုပ်တာလည်း လုပ်ပေမဲ့ တကယ် စနစ်တကျ Train ပေးချင်တယ်၊ ကျောင်းက ဘော်ဒါဆောင်မှာပဲ ထားလိုက်ပြီးတော့ ညဘက်တွေမှာပါ စာလုပ်စေချင်တယ်ဆိုရင်တော့ OiAC Private School ရဲ့ ဘော်ဒါဆောင်မှာပါ တစ်ခါထဲ အပ်နှံလို့ရပါတယ်နော်…
ကဲ.. ဖေဖေတို့ မေမေတို့ထဲမှာ အိမ်မှာကလေးက စာမကြည့်လို့ အရမ်းစိတ်ညစ်နေတဲ့သူတွေများ ရှိကြမလားကွယ်… ပါးစပ်က အမြှုပ်ထအောင် ပြောနေရတဲ့ ဖေဖေ၊ မေမေတွေကတော့ အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ပေးနော်
**********************************
OiAC ကိုယ်ပိုင်အထက်တန်းကျောင်း
အမှတ်(၃၂၃)၊ သစ္စာလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
(viber) 09-43070190 , 09-43070191 , 09-764370191, 09-767770191