ထူးချွန် ထက်မြက် သွက်လက်တဲ့ ကျောင်းသူ/ သားများ ဆုံစည်းရာ OiAC Private School မှာ…
သားသားမီးမီးတွေ အားလုံး နွေရာသီကျောင်းပိတ်ရက်မှာ အပြည့်အဝ အနားယူပြီးကြပြီဆိုတော့ မကြာခင်မှာဖွင့်လှစ်တော့မယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကြိုးစားကြဖို့ Ready ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။
ဖေဖေ၊ မေမေတို့ကလည်း ကျောင်းအပ်ဖို့အတွက် စတင်ပြင်ဆင်နေကြပြီဆိုရင် OiAC Private School မှာ ရွေးချယ် အပ်နှံဖို့ စဥ်းစားကြည့်နိုင်အောင် OiAC Private School ရဲ့ အကြောင်းကို ရှင်းပြပေးချင်ပါတယ်။
OiAC Private School ဟာ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းတစ်ကျောင်း ဖြစ်ပြီးတော့ မူလတန်းကနေ အထက်တန်းအဆင့်ထိ လက်ခံ လေ့ကျင့် သင်ကြားပေးနေတဲ့ ကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်။
သင်ရိုးသစ်နဲ့ သင်ကြားပေးရာမှာလည်း သင်ရိုးသစ်ကို နည်းစနစ်တကျ လေ့လာထားပြီးဖြစ်တဲ့ ဆရာ/ ဆရာမတွေကိုယ်တိုင်က ဘာသာရပ်တစ်ခုချင်းစီကို ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးတာဖြစ်လို့
ကလေးတွေ စာမလိုက်နိုင်မှာကို စိတ်မပူပါနဲ့နော်။
သင်ရိုးညွှန်းတမ်းထဲမှာ ပါဝင်တဲ့ စာပေဘာသာရပ်တွေတင်မကဘဲ ကျောင်းတွင်းမှာ အတန်းအလိုက် ပြုလုပ်ပေးတဲ့ Inter-school Activities တွေ၊ ကျောင်းတွင်း ပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ဘက်စုံနဲ့ လူရည်ချွန် ပြိုင်ပွဲတွေအပါအဝင် ပန်းချီ၊ ကျပန်း၊ စာစီစာကုံး စသဖြင့် ပြိုင်ပွဲတွေမှာပါ ကလေးတွေက တက်တက်ကြွကြွ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသူ/ သားတွေအနေနဲ့ အများနဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အကျင့်ကောင်းလေးတွေ ရစေဖို့၊ Communication Skills ကောင်းမွန်စေဖို့အတွက် Group work, Presentation စတာတွေကိုပါ ကိုယ့်ရဲ့အတန်းဖော် သူငယ်ချင်းတွေနဲ့ အတူတကွ လုပ်ဆောင်ရမှာပါ။
IT ခေတ်ဖြစ်တဲ့အလျောက် နည်းပညာကဏ္ဍနဲ့ ထိတွေ့မှုရှိစေဖို့အတွက် အသက်အရွယ်အလိုက်၊ အတန်းအလိုက် အခြေခံ ကွန်ပျူတာကနေ စတင်ပြီး Computer Drawing Program, Microsoft Word, Excel, Power Point Presentation အသုံးပြုနည်းများအပါအဝင် Programming Coding, Basic Web Design, Internet & Email, Digital Marketing & E-commerce စတာတွေကိုပါ သင်ကြားပေးသွားမှာပါ။
အင်္ဂလိပ်စာ အခြေခံ ကောင်းစေဖို့အတွက်လည်း English 4 Skills (Cambridge Course) ကိုပါ ထည့်သွင်း သင်ကြားပေးသွားမှာမို့လို့ OiAC Private School မှာ ကျောင်းတက်ရုံနဲ့ ကလေးတွေက International Language ကိုပါ ငယ်ငယ်ကတည်းက လေ့လာခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
အထက်တန်းကျောင်းသူ/ သားတွေအတွက် ဆိုရင်လည်း စာသင်ခန်းထဲမှာ သင်ကြားလိုက်ရတဲ့ ပညာရပ်တွေကို လက်တွေ့ ပြန်အသုံးချနိုင်စေဖို့အတွက် Practical ချိန်တွေကိုပါ ထည့်သွင်းပြီးတော့ စီစဥ်ပေးထားတာမို့လို့ ကျောင်းမှာတင် စာတွေ့၊ လက်တွေ့ နှစ်မျိုးစလုံးကို သင်ယူရရှိနိုင်မှာပါ။
ဒီ့အပြင်
အလယ်တန်းနဲ့ အထက်တန်း အရွယ် ကျောင်းသူ/ သားတွေကို ကျောင်းနဲ့တစ်သားထဲ ဖြစ်ပြီး ငယ်စဥ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်အောင်
မိဘတွေအနေနဲ့ ကလေးတွေကို စာကျက်ဖို့တိုက်တွန်းရတဲ့ အလုပ်တွေ လျော့သွားအောင်
နယ်မြို့တွေကနေ ကျောင်းလာတက်ရတဲ့ ကလေးတွေအတွက် အဆင်ပြေအောင်လို့ ဘော်ဒါဆောင်ကိုပါ ထားရှိပေးထားပါတယ်။
ဘော်ဒါဆောင်တက်မယ့် ကျောင်းသူ/ သားတွေအနေနဲ့ ညဘက်မှာလည်း Study Time ရှိမယ့်အပြင် Guide တွေနဲ့အတူ တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် ပြန်လှန် လေ့ကျင့် ကျက်မှတ်ရမှာဖြစ်ပါတယ်။ Guide Teacher တွေကိုယ်တိုင်က မျက်စိဒေါက်ထောက်ပြီး ကြီးကြပ်ပေးတာဖြစ်လို့ မိဘတွေအနေနဲ့ 100% စိတ်ချရပါတယ်။
နေထိုင်ရမယ့်အခန်းတွေကအစ Aircon တပ်ဆင်ပေးထားပြီး ကျောင်းသူတွေနဲ့ ကျောင်းသားတွေကို သီးသီးသန့်သန့် ထားတာဖြစ်လို့ မိဘတွေ စိုးရိမ်ဖို့မရှိပါဘူးနော်။
ကျောင်းဝတ်စုံတွေ အသင့် ဝတ်ဆင်နိုင်ဖို့အတွက်လည်း Laundary Service ပါ ရှိဦးမယ့်အပြင် အစားအသောက်ပိုင်းမှာလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတအောင် စီမံ ချက်ပြုတ် ကျွေးမွေးသွားမှာဖြစ်ပါတယ်။
ကျန်းမာရေးအတွက်လည်း OiAC Family Doctors တွေက အသင့်ရှိနေပြီး (၁) လတစ်ကြိမ် ကျန်းမာရေး စစ်ဆေးပေးတာမျိုးကိုပါ ပြုလုပ်ပေးသွားမှာပါ။
မိဘတွေနဲ့ တွေ့ဆုံခွင့်ကိုလည်း ကန့်သတ်ထားရှိပြီး အစစအရာရာကို Schedule အတိုင်းသာ လုပ်ကိုင်စေမှာဖြစ်ပါတယ်။
အခုလိုမျိုး စည်းကမ်းကြပ်မတ်ပြီး သင်ကြားပြသမှုအပိုင်းမှာ နာမည်ရနေတဲ့ OiAC Private School မှာ ကျောင်းအပ်နှံချင်တဲ့ မိဘတွေကတော့ 2024-2025 ပညာသင်နှစ်အတွက် အမြန်ဆုံး ကျောင်းအပ်နှံနိုင်ပါပြီ။
စာသင်ခန်းအတွင်းမှာ ကျောင်းသူ/ သားများ သက်တောင့်သက်သာရှိရှိ ပညာသင်ယူနိုင်စေဖို့ လူဦးရေ ကန့်သတ်ချက်ရှိတဲ့အတွက် စောစောလျင်လျင်လေး လာရောက်အပ်နှံနိုင်ပါတယ်။
ဇွန်လ (၃)ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်ပါမယ်
လိပ်စာ – အမှတ် ၃၂၃၊ (၉) ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် – 09 764370191, 09 43070190, 09 43070191